လျှောက်လွှာမဖြည့်မီ
အောက်ပါ သတ်မှတ်ချက်များအား
သေချာစွာ ဖတ်ရှုပါ။
-
အရေးပေါ်ကူညီထောက်ပံ့ခြင်းအစီအစဉ်သည်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ
ယနေ့အထိ သတင်းမီဒီယာလုပ်ငန်းကို
တစိုက်မတ်မတ် လုပ်ကိုင်နေသူ
သတင်းသမားများအား သတင်းမီဒီယာလုပ်ငန်းကို
ဆက်လက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး
ကူညီထောက်ပံ့ခြင်း ဖြစ်ပါသည်။
-
လတ်တလော (လက်ရှိ) တွင်
သတင်းရေးသားမှု (သတင်းမီဒီယာကိစ္စ) ကြောင့်
ဖမ်းဆီးခံရမည့်ဘေးမှ လွတ်ကင်းအောင်
ပြည်တွင်း/ပြည်ပ အရေးပေါ် ရွှေ့ပြောင်းနေထိုင်ရန်
ကူညီထောက်ပံ့ခြင်း ဖြစ်ပါသည်။
ခိုင်လုံသော အထောက်အထားများ
အပြည့်အစုံ တင်ပြရမည်။
-
နိုင်ငံပြင်ပ (အိမ်နီးချင်းနိုင်ငံများ) တွင်
သတင်းမီဒီယာလုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်ရန်
တရားဝင်အထောက်အထား လျှောက်ထားရန်
လိုအပ်လျက်ရှိသော သတင်းသမားများအား
ကူညီထောက်ပံ့ခြင်း ဖြစ်ပါသည်။
ခိုင်လုံသော အထောက်အထားများ
အပြည့်အစုံ တင်ပြရမည်။
-
နောက်ခံအချက်အလက်များနှင့် မိမိအကြောင်း
(Background Information and Profile)
တင်ပြနိုင်ရမည်။
-
လျှောက်ထားသူ တစ်ဦးချင်းသည်
IPCM Facebook Page ရှိ လင့်ခ်ကို
မိမိကိုယ်တိုင် ဝင်ရောက်ပြီး
ပါရှိသော သတ်မှတ်ချက်များကို
ဖြည့်သွင်းရမည်။
မည်သည့် ဖုန်း၊ လက်တော့ပ်နှင့်မဆို
ဖြည့်စွက်နိုင်သည်။
🔒 Security Notice
Your access code is confidential and
intended only for the authorized applicant.